Thursday, December 15, 2016

အလွမ်းည

နာရီကြည်လိုက်တော့ 
နာရီပြန် ၂ ချက်ထိုး 
သန်းခေါင်ယံအချိန်ကျော်လွန်လို့ 
မနက်တောင်ရောက်နေပီပဲ 
2:00 am တဲ့
ကို အိပ်လို့မပျော်ဘူးချစ်သူရေ .....

ဖျော်ထားတဲ့ ကော်ဖီခွက်လည်းအေးစက်စက်
ငါအလွမ်းရေခဲတွေ များထည့်လိုက်မိလေသလား ???
အိမ်အပြင်ဘက်မှာလည်း မိုးတွေရွာနေတယ်
အလွမ်းမိုးတွေများလား ???
ဂစ်တာဟောင်းလေး ငါ့ဘေးမှာရှိတယ်
သူက…… ငါ့အလွမ်းတွေဖြေသိမ့်ပေးမယ့် အဖော်ပေါ့........

ဟန်ဆောင်မှုတွေမရှိတဲ့ ညကတိတ်ဆိတ်နေတယ်ချစ်သူ
အော်…. 
လူတွေ အားလုံးအိပ်စက်နေပြီပဲလေ
ငါချစ်ရတဲ့ နတ်သမီးလေး…..
မင်းလည်း အိပ်မက်လှလှမက်ပါစေကွယ်……

၁ ပါတ်တာဆိုတဲ့ အချိန်ဇယားကို ကျော်ဖြတ်လို့
ကို တို့တွေ့ ရဖို့ ၂ ရက်ပဲကျန်တော့တယ်နော်
လွမ်းတဲ့ အကြောင်းစာစီလို့ ကဗျာဖွဲ့ရင်ကုန်မယ်မထင်လို့
ဒီလောက်နဲ့ပဲ အဆုံးသတ်တော့မယ် 

ချစ်သူရေ………. 
ကို့ရဲ့နတ်ဘုရားမလေးဖန်ဆင်းထားတဲ့
အိပ်မက်လေးထဲ ဝင်လာတော့မယ်
ဒီအလွမ်းည အလွမ်းတွေ ကုန်ဆုံးစေဖို့…….. ။

No comments:

Post a Comment